Wednesday, May 02, 2007

အလွှဲများနှင့် တသက်တာ

မိုးအဖြိုက် မစိုက်တဲ့ ပန်း
နမ်းရှိုက်ခွင့် ခက်မယ်မှန်း
သိရက်နဲ့  နွမ်း ဝေးရမှ လွမ်း.
သူများနဲ့  မတူတဲ့  ငါ့အတ်တ ကို ဘုံထုတ်တော့
ရွာအပြင် စားကျက်ပေါ်မှာ ငါပေါ့
ဒါတောင် မြက်တွေကို လျှာနဲ့ လျှက်ကြည့် နေတုံး.
ဒဏ်ရာကပြင်း သွေးတွေ အကြိမ်ကြိမ်အန်လို့ 
ညဈေးတန်းတွေမှာ
ဆေးဝါးအတုတွေ မှီဝဲခဲ့ရပေါ့.
စိန်တွေစီ တိမ်ရထား
မှီလိုမှီငြား
ကုန်းကြောင်းလျှောက်ရင်းနဲ့ ……..
ပန်းပွင့်ခဲ့တာ သေချာပါတယ်
လရောင် ဆမ်းလို့ လား
ပျင်းယောင် သမ်းလို့ လား.





ရာမ ၂၅

No comments: