မရောက်တာကြာလို့  လူ့ လောကထဲ
အလည်တခေါက် ရောက်ခဲ့တယ်.
အရင်ထက်စာရင် မုဆိုးနဲ့  ကျားတွေ ပိုများလာသလိုပဲ
ခက်ဆစ်တွေ ရောထားတဲ့  မုသားတွေလဲ ဈေးပေါပေါနဲ့  ၀ယ်လို့ ရနေပီ
လူတွေနဲ့ အတူ လူးတွေပါ တွေ့ ရတယ်.
လူနှင့်တူသော    လူ
လူးနှင့်တူသော   လူး
လူးနှင့်တူသော   လူ
လူနှင့်တူသော   လူး        တွေလဲ ရှိတယ်.
အဲဒါတွေ အပေါ်မှာတော့  
ကြယ်ရဲလေးတွေ  တပွင့်စ နှစ်ပွင့်စ လင်းလက်နေတယ်.
ဘယ်သူမှ မသိပဲ ဖြုတ်ကနဲ  ကြွေခဲ့ရတဲ့  
ကြယ်ရဲလေးတွေကိုလဲ  တွေ့ ရတယ်.
လူတချို့ ကတော့  ရာဇ၀င်ပြောင်းတဲ့  
ကျောက်စာကို ထွင်းထုဖို့  
ကျောက်တုံးကြီး  ရှာနေတုံး.
တချို့ ကတော့  မေ့လျော့ခြင်းထဲမှာ အိမ်မက်လှလှလေးတွေနဲ့ 
တချို့ ကတော့ ရီဝေစွာ လျောက်လှမ်း
တချို့ က  ငြိမ်းချမ်းရေးတေးတွေ သီကုံး
တချို့ ကတော့ ဘီလူးစီးနေကြလေရဲ့  .
အံသြစရာကောင်းတာက 
လဒတွေ ရဲ့  မျိုးပွားနှုန်း က 
ကြောက်စရာကောင်းလောက်အောင် တိုးပွားလာနေတယ်တဲ့ .
ပြောရင်း ဆိုရင်း အာရုဏ်အကျင်း
ငါ့အတွက် ညနေခင်းမှာ
ငါကိုယ်တိုင် သားကောင် ဖြစ်နေပီ.
ရီစရာကောင်းတာက  
ငါဟာ  တစ္ဆေဖြစ်နေလို့  ပဲ.
ဗညားကျော်