Thursday, March 29, 2007

မျဉ်းပြိုင်

မျဉ်းပြိုင်တွေက ပြိုင်မြင်းလို
တရိပ်ရိပ် ပြေးလွား
ဝေးကွာကျန်ရစ်ခဲ့တဲ့  သံလမ်းများ
တစ်နေရာရာမှာ ဆုံနိုင်မလား
မဆုံနိုင်အောင် ပြိုင်ခဲ့ကြတဲ့ 
သံလမ်းနှစ်ခုက
ဘူတာ တစ်ခုခု တော့ ရောက်စေခဲ့တယ်.
လမ်းဆုံးရင် ရွာ
ဒါမှမဟုတ်
သိမ် ကုပ် နေတဲ့ 
ဇနပုဒ်
တခုခုတော့ ရောက်မှာပါ .

ရာမ ၂၅

No comments: